UNPKG

myanmar-lorem-ipsum

Version:
4 lines (3 loc) 2.66 kB
{ "value": "အစဦးတွင် ဗမာလူမျိုးတို့သည် ကျောက်ဆည်ခရိုင် ဒေသများတွင် အခြေချပြီး တစ်နယ်တစ်မင်း ထူထောင်ကာ စုစည်းနေထိုင်ကြရာမှ\nအေဒီ ၁၀ ရာစုသို့ရောက်သည့်အခါ ပုဂံမင်းသည် အင်အားအကြီးဆုံးအဖြစ် အသိအမှတ်ပြုခံရကာ မင်းကြီး ဖြစ်လာသည်။\nသို့သော် အစောပိုင်း ပုဂံမင်းဆက်များအကြောင်းမှာ ပါးစပ်ပြောရာဇဝင်သာရှိပြီး တိကျသည့် သမိုင်းအထောက်အထားများကိုမူ ရှာဖွေမတွေ့ရချေ။\nအထောက်အထားများကို အစောဆုံး စတင်ကာတွေ့ရသည့် အနော်ရထာ မင်းလက်ထက်အရောက်တွင် ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြပြီး\nနိုင်ငံရေး ဩဇာအရလည်း အထွတ်အထိပ်သို့ရောက်လာခဲ့သည်။ ပုဂံအင်ပါယာနှင့်ခမာအင်ပါယာတို့သည် ခေတ်ပြိုင်အင်အားကြီးအင်ပါယာများဖြစ်သည်။\nသို့သော် ၎င်းအလွန်တွင်နန်းတက်သည့် စောလူးမင်း၏ အရည်အချင်းညံ့ဖျင်းမှုများကြောင့် တိုင်းပြည်ပြိုကွဲလုနီးနီး အန္တရာယ်ကျရောက်ခဲ့ပြီး\n၎င်းလည်း ရန်သူ့လက်ချက်ဖြင့် အနိစ္စရောက်ရသည်။ ၎င်းအလွန်တွင် နန်းစံကြသည့် ကျန်စစ်သား နှင့် အလောင်းစည်သူ\nမင်းများလက်ထက်တွင် တစ်ဖန်အင်အားဩဇာ ပြည့်ဝကြသော်လည်း ထိုမင်းများလွန်လျှင် ပုဂံ၏ဩဇာမှာ တစ်ဖန်ကျဆင်းသွားရပြန်သည်။" }