UNPKG

mahar-zanaka-foretelling

Version:

မဟာဇနက္က ဟောကိန်း

38 lines (27 loc) 23 kB
module.exports = { numbers: () => { return {"၀": 0, "၁": 1, "၂": 2, "၃": 3, "၄": 4, "၅": 5, "၆": 6, "၇": 7, "၈": 8, "၉": 9} }, day: (index) => { return ['Sunday', 'Monday', 'Tuesday', 'Wednesday', 'Thursday', 'Friday', 'Saturday'][index] }, sr: (index) => { return ['Ti', 'Htwak', 'Pyak', 'Kyauk', 'Hti:', 'Nan:', 'San'][index] }, day_mm: (index) => { return ['တနင်္ဂနွေ', 'တနင်္လာ', 'အင်္ဂါ', 'ဗုဒ္ဓဟူး', 'ကြာသပတေး', 'သောကြာ', 'စနေ'][index] }, sr_mm: (index) => { return ['တည်', 'ထွက်', 'ပျက်', 'ကျောက်', 'ထီး', 'နန်း', 'စံ'][index] }, result: (index) => { return [ 'တည် - ဆိုသည်မှာ သင်္ဘောတည်ဆောက်သည်ဟု အဓိပ္ပါယ်ရပါတယ်။ ထိုနှစ်များတွင်ဖြစ်ပေါ်သော ကံကြမ္မာအရ အလုပ်အကိုင်အကြံအစည် စိတ်ကူး စိတ်သန်း အသစ်တွေဖြစ်ပေါ်လာတတ်ပါတယ်။ စိတ်တွေလည်းမတည်မငြိမ်ဖြစ်ပေါ်တတ်ခြင်း၊ ဆုံးဖြတ်ချက်တွေ ချမှတ်ရန်တွေဝေနေရခြင်း၊ စိတ်ထဲတွင် လုပ်စရာအလုပ်များ အကြံအစည်များဖြင့် ရှုပ်ယှက်ခတ်နေပြီး စိတ်ရောလူရောပင်ပန်းနေရခြင်းတို့ ကြုံတွေ့ရတတ်ပါတယ်။ ခိုင်မာသေချာသော ဆုံးဖြတ်ချက်တွေချမှတ်ရန်အလွန်အရေးကြီးသောအချိန်ကာလဖြစ်ပါတယ်။ အလုပ်အကိုင်အသစ်တွေအတွက် ရင်းနှီးမြုပ်နှံရသောအချိန်ကာလဖြစ်ပါတယ်။ လုပ်ငန်း ကိုင်ငန်းတွေရပ်ဆိုင်းထားရတာမျိုးလည်းကြုံရတတ်ပါတယ်။ ငွေအဝင်များအေးစက်နေပြီး ငွေကြေးကုန်ကျမှုများလည်းရှိနေတတ်ပါတယ်။ အမှုကိစ္စအချို့ရင်ဆိုင်ဖြေရှင်းရတတ်ပါတယ်။ သေချာခိုင်မာသောဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ပါက ရည်ရွယ်ချက်များထမြောက်အောင်မြင်ပါလိမ့်မည်။ စိတ်ညစ်စရာများကြုံတွေချိန်များတွင် စိတ်ဓာတ်မကျပါနှင့် မလျော့သော ဇွဲဖြင့် ကြိုးစားဆောင်ရွက်သော် အလုပ်ကိုင်များ အဆင်ပြေပါလိမ့်မည်။ အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိနိုင်သောအချိန်ကာလဖြစ်ပါတယ်။ မည်သည့်ကိစ္စမဆို စိတ်ညစ်စရာအတိုက်အခံ အချေအတင်များနှင့်ကြုံတွေ့ပြီးခါမှ အဆင်ပြေမှုကို ရရှိတတ်ပါတယ်။', 'ထွက် - ဆိုသည်မှာ စမ္ဗနဂိုရ်မှ သင်္ဘောစထွက်သည်ဟု အဓိပ္ပါယ်ရပါတယ်။ ထိုနှစ်များတွင်ဖြစ်ပေါ်သော ကံကြမ္မာအရ အလုပ်အကိုင်အကြံအစည်အသစ်များ စတင်ဆောင်ရွက်ရသောအချိန်ကာလဖြစ်ပါတယ်။ အလုပ်အကိုင် နေရာအသစ်များ ရရှိတတ်ပါတယ်။ ယာယီခရီးများ သော်လည်းကောင်း၊ ခရီးဝေးသော်လည်းကောင်း သွားရတတ်ပါတယ်။ နိုင်ငံခြားခရီး သွားရန်ပြင်ဆင်ထားသူများ ထမြောက်အောင်မြင်မှုများကြုံတွေ့ရတတ်ပါတယ်။ အိုးပြောင်း၊ အိမ်ပြောင်း၊ နေရာပြောင်း၊ ဌာနပြောင်း၊ အလုပ်အကိုင် အပြောင်းအရွှေ့များ ကြုံတွေ့ရတတ်ပါတယ်။ အလုပ်ကိစ္စများနှင့် ပင်ပန်းနေသောအချိန်ကာလလည်းဖြစ်ပါလိမ့်မယ်။ နိုင်ငံခြားသားများ လူမျိုးခြားများ၏ အကူအညီများရရှိတတ်ပါတယ်။ သူငယ်ချင်းမိတ်ဆွေအသစ်များရရှိတတ်ပါတယ်။ အလုပ်အကိုင်များတွင် အရင်းအနှီးပြည့်စုံစွာဖြင့် လည်ပတ်နေနိုင်သောအချိန်ကာလလည်းဖြစ်တတ်ပါတယ်။ ထိုကာလများတွင်အရာရာမမျော်လင့်သောအပြောင်းအလဲများမကြာခဏကြုံတွေ့ရတတ်၍ အစစအရာရာ သတိဝီရိယဖြင့်လုပ်ကိုင်ဆောင်ရွက် နေထိုင်ရန် အရေးကြီးပါတယ်။', 'ပျက် - ဆိုသည်မှာ အလောင်းတော် ဇနက္ကမင်းသား သင်္ဘောပျက်သောအချိန်ကာလ ဟုအဓိပ္ပါယ်ရပါတယ်။ ထိုနှစ်များတွင်ဖြစ်ပေါ်သော ကံကြမ္မာအရ အလုပ်အကိုင်အကြံအစည်များ ပျက်ပြားသောအချိန်ကာလ၊ လုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေတတ်သောအချိန်ကာလဖြစ်ပါတယ်။ အရာရာမိမိမျှော်မှန်းသလောက်ခရီးမရောက်၍ စိတ်ပင်ပန်းရသောအချိန်ကာလဖြစ်ပါတယ်။ မိမိပိုင်ဆိုင်သောပစွည်းများ ပျောက်ဆုံးခြင်း ၊ ဆုံးရှုံးခြင်း၊ ငွေကြးကုန်ကျစရိတ်များခြင်း၊ ရင်းနှီးထားသော ငွေကြေးများ ဆုံးရှုံးမတတ်ဖြစ်ခြင်းကြုံရတတ်ပါတယ်။ အတိုက်အခံအချေ အတင် အပြိုင်အဆိုင် များကြားရောက်ရှိတတ်ပါတယ်။ အထက်အကြီးအကဲ၊ လက်အောက်ငယ်သား၊ ဆွေမျိုးမိဘ၊ ညီအစ်ကိုမောင်နှမ၊ သူတစ်ပါး၏ အကူ အညီမရရှိဘဲ မိမိကိုယ်တိုင် ကြိုးစားရုန်းကန်ရသော အချိန်ကာလဖြစ်၍ လူရော၊ စိတ်ရော ပင်ပန်းနေရတတ်ပါတယ်။ စက်တပ်ယာဉ်များ စီးနှင်းမောင်းနှင်ရာတွင် အထူးသတိပြုရန်လိုအပ်ပါတယ်။ မိမိလုပ်ဖော်ကိုင်ဖက်များ ချစ်ခင်သူများတွင်လည်း အဆင်မပြေမှုများကြုံတွေ့ နေရတတ်ပါတယ်။ အပေါင်းအသင်းမိတ်ဆွေ ချစ်သူ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်များနှင့်လည်းခွဲခွာရတတ်ပါတယ်။ ဤနှစ်ကာလများတွင် စိတ်ဓာတ်ကြံ့ခိုင်ရန်လွန်စွာအရေးကြီးလှပါတယ်။ ခိုင်မာသော စိတ်ဓာတ်ဖြင့် မလျော့သောဇွဲတို့ပေါင်းစပ်ပါက မိမိကြိုးစားမှု၏ရလဒ်အား ခံစားရ၍ အတိုက်အခံများ အခက်အခဲများကြားမှ မိမိ မမျော်လင့်သော အခွင့်လမ်းကောင်းများ အကြံအဉာဏ်ကောင်းများ ကြုံတွေ့ရတတ်ပါတယ်။', 'ကျောက် - ဆိုသည်မှာ မဟာဇနက္ကမင်သား ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်တွင် ၇ ရက်တိုင်တိုင် ကူးခတ်ရာမှ မေခလာနတ်သမီးက ပွေ့ချီသယ်ယူကာ ကျောက်ဖျာထက်မှာတင်ပေးထားသည်ဟူ၍ အဓိပ္ပါယ်မှတ်ယူရပါမည်။ ဤနှစ်ကာလ များတွင်ဖြစ်ပေါ်သော ကံကြမ္မာမှာ ယခင်ဆိုးညံ့နေသော အတိုက်အခံ အချေအတင် အပြိုင်အဆိုင် စိတ်ညစ်စိတ်လေ အဆင်မပြေမှုများမှ အစစအရာရာ ဦးမော့၍အဆင်ပြေလာမည့်အချိန်ကာလဖြစ်ပါတယ်။ မှန်ကန်သောအတွေးအခေါ် မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်ကာ ကောင်းသောအလုပ်အကိုင် အခွင့်အလမ်းများ စတင်ရရှိလာသောအချိန်အခါဖြစ်ပါတယ်။ အလုပ်အကိုင် အသစ်များ အစပြုလုပ်ကိုင်အခြေချရသော အချိန်ကာလလည်း ဖြစ်တတ်ပါတယ်။ အလုပ်အကိုင်လျှောက်ထားသူများ အောင်မြင်မှုရရှိတတ်ပါတယ်။ အထက်အကြီးအကဲများ၏အကူအညီများ၊ လက်အောက်ငယ်သားများ၏အကူအညီ၊ လုပ်ဖော်ကိုင်ဖက်များ၏အကူအညီများ ရရှိတတ်ပါတယ်။ ထိုကာလသည် မျက်နှာပွင့်လန်း စိတ်ရွှင်လန်းကာ နတ်လူချစ်ခင်သောအချိန်ကာလဖြစ်၍ အပူအပင်ကင်းစွာနေနိုင်သော အချိန်ကာလဖြစ်ပါတယ်။ လူငယ်များ အချစ်ရေးကံကောင်းသောအချိန်အခါဖြစ်ပြီး ချစ်သူမရှိပါက စိတ်သဘောထားဖြူစင်သော ချစ်သူအချောအလှများနှင့် ချစ်ကြိုက်ရတတ်ပြီး လက်ထပ်ရန်ရည်ရွယ်ထားပါက အိမ်ထောင်ကျရတတ်ပါတယ်။ ကောင်းမွန်သာယာအေးချမ်းသောအိမ်ထောင်ရေးလည်း ဖြစ်ရပါလိမ့်မည်။ မမျော်လင့်သော အလုပ်အကိုင်အခွင်အလမ်းနှင့် မမျော်လင့်ဘဲ ဝင်ငွေများရရှိခြင်း ဖြစ်တတ်၍ ထီပေါက်ကိန်းရှိသောအချိန်ကာလည်းဖြစ်ပါတယ်။ ယခင် နာတာရှည်ချုခြာနေသော ကျန်းမာရေးညံ့သူများ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပါလိမ့်မည်။ အမူကိစ္စများ တရားတဘောင်များ ရင်ဆိုင်နေရပါက မိမိကသာအနိုင်ရ၍ အချုပ်အနှောင် များလွတ်မြောက်ရန် ကူညီသူများ နှင့်ကြုံတွေ့ရပါလိမ့်မည်။ ဤကာလများတွင် ဘဝရဲ့ အခိုက်အညံ့တွေပျောက်ကွယ်၍ ကံကောင်းသောဘက်သို့ ပြောင်းလဲလာသော အချိန်ကာလအပိုင်းအခြားဖြစ်ပါတယ်။', 'ထီး - ဆိုသည်မှာ ထီးဖြူဆောင်းရသည်ဟု အဓိပ္ပါယ်မှတ်ယူရပါမည်။ ဤနှစ်ကာလများတွင်ဖြစ်ပေါ်သော ကံကြမ္မာမှာ ဘုန်းကံတန်းခိုး ကြီးမား၍ ရာထူး နေရာ ဂုဏ်သိက္ခာ တိုးတက် သောအချိန်ကာလဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာများ ပေါများကြွယ်ဝကာ အေးချမ်းစွာနေရတတ်ပါတယ်။ လူအများ၏ ယုံကြည်စွာ မြှောက်စားခြင်းခံရ၍ အကြီးအကဲဖြစ်ရတတ်ပါတယ်။ အထက်အကြီးအကဲ၊ မင်းအစိုးရ မစတတ်ပါတယ်။ လက်အောက်ငယ်သားများ၏ ချစ်ခင် ယုံကြည်လေးစားမှုကိုရရှိတတ်ပါတယ်။ လက်ဆောင်ကောင်းများရရှိတတ်ပါတယ်။ အလုပ်အကိုင်များတိုးတက်ကောင်းမွန်ကာ ဝင်ငွေတိုးပွားတတ်ပါတယ်။ ရာထူးတိုးစာမေးပွဲများ အလွယ်တကူ အောင်မြင်တတ်၍ ရာထူးတိုးများကြုံရတတ်ပြီး နေရာကောင်းများလည်း ရရှိခံစားရတတ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းများ ယခင်ထက်များစွာကောင်းမွန်လာပါလိမ့်မယ်။ ပတ်ဝန်းကျင်အလယ်တွင် မိမိ၏ ပြောစကားဆိုစကားများအောင်မြင်၍ သြဇာအာဏာကြီးမားတတ်ပါတယ်။ အိုးအိမ်တည်ဆောက်ရတာ၊ အမွေရတာမျိုးတွေလည်း ကြုံတွေ့ရတတ်ပါတယ်။', 'နန်း - ဆိုသည်မှာ နန်းတော်ရသည်ဟု အဓိပ္ပါယ်မှတ်ယူရပါမည်။ ဤနှစ်ကာလများတွင်ဖြစ်ပေါ်သော ကံကြမ္မာမှာ ဘုန်းကံတန်းခိုး ကြီးမား၍ ရာထူး၊ နေရာ၊ ဂုဏ်သိက္ခာ တိုးတက် သောအချိန်ကာလဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာများတိုးပွား၍ အေးချမ်းစွာနေရတတ်ပါတယ်။ အိုးသစ်အိမ်သစ်များ ဆောက်ရတတ်ခြင်း၊ ဝယ်ယူရခြင်း၊ အမွေရရှိခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ အထက်အကြီးအကဲများ၏ ချီးမြှောက်ခြင်း၊ လက်အောက်ငယ်သားတို့လေးစားခြင်းတို့နှင့် ဘုန်းကျက်သရေးတိုးပွားသောအချိန်ကာလဖြစ်ပါတယ်။ ရာထူးနေရာများ ကောင်းမွန်ခြင်း အလုပ်လျှောက်ထားပါက ရာထူးကြီး နေရာကောင်းများရရှိတတ်ခြင်း။ မမျော်လင့်သော အခွင့်အရေးများရရှိ၍ ဝင်ငွေ စည်းစိမ်ဥစ္စာများ တိုးပွားတတ်ပါတယ်။ ထီဆုကြီးများရရှိနိုင်သောအချိန်ကာလဖြစ်၍ ထီကံစမ်းသင့်ပါတယ်။ မျက်နှာပွင့်လန်းသောအချိန်ကာလဖြစ်၍ လူချစ်လူခင်ပေါများကာ လက်ဆောင်များရရှိတတ်ပါတယ်။ အတိုက်အခံ အပြိုင်အဆိုင်များကင်း၍ မိမိအပေါ် ယုံကြည်လေးစားသူများနှင့်သာ ကြုံတွေ့ပေါင်းသင်းရတတ်ပါတယ်။ လူငယ်များ အချစ်ရေးကံကောင်းပါမည်။ ချစ်သူမရှိသူများ ချစ်သူအချောအလှများရရှိတတ်ပြီး အိမ်ထောင်ပြုလိုသူများ အိမ်ထောင်ဖက်ကောင်းများ ရရှိတတ်ပါတယ်။ ထိုကာလများတွင် အချစ်ရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ စီပွားရေး၊ အစစအရာရာ အဆင်ပြေအေးချမ်း၍ အလှူအတန်းကိစ္စများအောင်မြင်ရတတ်ပါတယ်။', 'စံ - ဆိုသည်မှာ မင်းစည်းစိမ်ကိုခံစားရသည်ဟု အဓိပ္ပါယ်မှတ်ယူရပါမည်။ ဤနှစ်ကာလများတွင်ဖြစ်ပေါ်သော ကံကြမ္မာမှာ ဘဝတလျောက်လုံးတွင် အကောင်းဆုံးအနေအထားဟုပင် ဟောဆိုရပေမည်။ မိမိဘဝတစ်လျှောက်လုံး ကြိုးစားခဲ့သော ဒါန၊ သီလ၊ ပညာ၊ ဝီရိယတို့အကျိုးကို ကောင်းစွာခံစားရမည့်အချိန်ကာလဖြစ်ပါသည်။ ယခုဘဝတွင်သာမက ယခင်ဘဝများတွင် ပြုလုပ်ခဲ့ဖူးသော ကုသိုလ်ကံအကျိုးကိုလည်း ရရှိခံစားရသောအချိန်အခါဖြစ်ပါတယ်။ ယခုဘဝတွင်သော်လည်းကောင်း ယခင်ဘဝတွင်သော်လည်းကောင်း ကုသိုလ်ကံအား အနည်း၊ အများပေါ်မူတည်၍ အကျိုးခံစားရမှုပမာဏ ကွာခြားကောင်းကွာခြားနိုင်ပေသည်။ ဤကာလများတွင် ယခင်က ရင်းနှီးထားသော လုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိခံစားရမယ်။ ဝင်ငွေများ၍ ထွက်ငွေနည်းသောအချိန်ကာလဖြစ်ပါတယ်။ ဆုံးရှုံးလုနီးပါးဖြစ်နေသော ငွေများပြန်ပေါ်လာတတ်ပါသည်။ လက်အောက်ငယ်သားများ၏ ချစ်ခင်လေးစား ကူညီမှုများရရှိတတ်ပါတယ်။ ဘုရား၊ ကျောင်း၊ တန်ဆောင်း၊ ရေတွင်းရေကန် ထူးဖော်ဆောက်လုပ်ခြင်းများ ထမြောက်အောင်မြင်ရတတ်ပါတယ်။ အလှူအတန်းများ အောင်မြင်ရတတ်ပါတယ်။ အခက်အခဲများကို လွယ်ကူစွာ ဖြေရှင်းနိူင်ပြီး အေးချမ်းသာယာစွာနေထိုင်ရမည့်အချိန်ကာလဖြစ်ပါသည်။ ဤနှစ်ကာလများသည် ယခင်မိမိ ကြိုးစားပြုကျင့်ခဲ့သော ကောင်းမှုကံအကျိုးတို့ကို ယခု ခံစားရချိန်ဖြစ်၍ ထိုသို့ နောင်အနာဂါတ်တွင် ထပ်မံကောင်းမွန်ရေးအတွက် အလှူဒါနများအထူးပြုလုပ်သင့်သောအချိန်ကာဖြစ်ပါတယ်။', ] [index] } }